BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, March 27, 2011

Eternal Rose


ထာဝရ နှင်းဆီ
အောင်ဒင်/ဒတ္ထ
(၁၉၈၇)

ခွင့်လွှတ်ပါလေ
ကြေကွဲမွန်းကြပ်၊ အလွမ်းဇာတ်ထဲ
လက်တွဲမခေါ်၊ မပျော်ရက်ဘူး
ပန်းဦးသန့်သန့် ဝေပါစေကွယ်...။

အဖြေမဲ့စွာ၊ ဒဏ်ရာထွေးပွေ့
အောက်မေ့တတ်ခြင်း
နက်ရှိုင်းထွင်းဖောက်
မရောက်နိုင်သော၊ ပန်းတို့တောဟာ
ဟိုးမှာ အဝေး၊ ငေးရင်း...ငေးရင်း...။

ချစ်ခြင်းမေတ္တာ
ကဗျာလိုလှ၊ ပန်းလိုလှရဲ့
ဘဝနဲ့ရင်း၊ ပူလောင်ခြင်းမှ
ရယူရန်ထက်၊ စွန့်လွှတ်ရက်တာ
အချစ်ပါဆို၊ မင်းငိုမယ်လား...။

နှလုံးသားမှ
ထာဝရ နှင်းဆီရယ်....။

အငိုလွယ်သော၊ အိပ်မကတောမှ
အိပ်ပျက်ညများ၊ ချန်ထားရစ်ခဲ့
ရှေ့ဆက်မယ့်လမ်း၊ နှင်းဆီပန်းဦး
ဆူးခက်ခြံရံ၊ ရှင်သန်ရုန်းထ
ဘဝမှတ်တိုင်၊ ကြံ့ကြံ့ခိုင်စေ
မျှော်လင့်နေမယ်....။












0 comments: