BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Saturday, March 26, 2011

Magic Show



(ပန်းချီ ထိန်လင်း၊ The Return၊ 31X16 Acrylic on Cotton)



မျက်လှည့်ပွဲ
အောင်ဒင်/ဒတ္ထ
စက်မှုအားမာန်၊ အမှတ်စဉ် (၃) ၊စက်တင်ဘာ ၁၄၊ ၁၉၈၈

ပိရိသတ်ကြီးနဲ့
ကျွန်တော် ...
ဘာပေါ်လာမလဲ ..၊ ဘာဖြစ်မလဲ
ရင်ထဲဖိုထိတ်၊ မျှော်လင့်စိတ်ဖြင့်
တိတ်တိတ်ကလေးထိုင်နေကြ ...။

ဝိုင်းအလည်မှာ
သေတ္တာနက်တလုံးနဲ့
မျက်လှဲ့ ဆရာရယ် ...
သူ့တပည့်တွေရယ် ...။

တခုရိုးလျင်
ကကြိုးတစ်ခုပြောင်း ကလိုက် ...။

တသံနစ်ရင်
သစ်လွင်ဝါကြွား
စကားတစ်ခုထပ်ဆက်လိုက် ...။

ဒီလိုနဲ့
လက်လှည့်ညာတဲ့
မျက်လှည့်ဆရာရဲ့အိပ်ထဲမှာ
အသပြာတွေ
နေခြည်စောင်းလေ၊ ဖောင်းလာလေနဲ့
နေလည်း ဝင်လုနီးပါပြီ ...။ ။

(၁၉၈၈ အရေးတော်ပုံကာလအတွင်း ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ဝေတဲ့ စက်မှုအားမာန် စာစောင်မှာ ပါဝင်ခဲ့တဲ့ ကဗျာ၊ ကိုတင်မင်းထက်က ပို့ပေးပါတယ်၊)

0 comments: