BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, April 5, 2013

Away from Home


အိမ်ဝေး
အောင်ဒင်

ပြန်လာမယ် အမေ…
ဥဩညို တေးဆိုဖွဲ့
လွမ်းတဲ့ ဒီနွေ… ၊

အိပ်မက်မှာလေ
ညနေချို ပန်းတွေပွင့်…

မလွမ်းကောင်းပေမည့်
ပန်းကျောင်းမှာ စာတွေသင်ဖို့
အမေအိုရင်ခွင်နန်းကို
မြန်းဖို့မျှော်လင့်…၊

(၁၉၈၉ခုနှစ် မေလအတွင်းက အင်းစိန်ထောင်၊ အထူးတိုက်၊ အခန်း အမှတ် ၂ ရဲ့ နံရံမှာ ရေးခြစ်ခဲ့တဲ့ကဗျာ၊ ၂၀၁၃ခုနှစ် ဧပြီလ ၅ရက်နေ့မှာ မင်းကိုနိုင် ကျေးဇူးနဲ့ ပြန်လည်ရရှိပါတယ်၊ ဓာတ်ပုံက မေမေနဲ့ မင်းဇင်သမီးလေး ကြည်ဖြူဇင်ပါ၊)

0 comments: