မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၈၀) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊ (က)
#၂၀၁၄
လွှတ်တော်အစည်းအဝေးများ
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၀၁၄ ခုနှစ်အတွက် အစည်းအဝေးများ
ပြီးဆုံးသွားခဲ့ပါပြီ။ ၂၀၁၄ ခုနှစ်အတွင်း အစည်းအဝေး (၃) ကြိမ် ကျင်းပခဲ့ပြီး အစည်းအဝေးကျင်းပရက်ပေါင်း
(၁၀၇) ရက်နဲ့ ဥပဒေပေါင်း (၅၇) ခု အတည်ပြု ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။
အသေးစိတ်ကို အောက်ပါဇယားမှာ ကြည့်ပါ။  
| 
   
အကြိမ်မြောက် 
 | 
  
   
နေ့စွဲ 
 | 
  
   
ပြည်သူ့ 
လွှတ်တော်   
 | 
  
   
အမျိုးသား 
လွှတ်တော် 
 | 
  
   
ပြည်ထောင်စု 
လွှတ်တော် 
 | 
  
   
ထုတ်ပြန်ကြေညာခဲ့သော
  ဥပဒေပေါင်း 
 | 
 
| 
   
နဝမ 
 | 
  
   
ဇန်နဝါရီ
  ၁၃ မှ မတ် ၂၆     
 | 
  
   
၃၂
  ရက် 
 | 
  
   
၃၀
  ရက် 
 | 
  
   
၂၉
  ရက်   
 | 
  
   
၂၂ 
 | 
 
| 
   
ဒဿမ 
 | 
  
   
မေ
  ၂၈ မှ ဇူလိုင် ၃၁ 
 | 
  
   
၃၈
  ရက်    
 | 
  
   
၃၈
  ရက်    
 | 
  
   
၁၂
  ရက် 
 | 
  
   
၁၅ 
 | 
 
| 
   
ဧကဒဿမ 
 | 
  
   
စက်တင်ဘာ
  ၁၁ မှ နိုဝင်ဘာ ၂၈   
 | 
  
   
၃၇
  ရက် 
 | 
  
   
၃၇
  ရက် 
 | 
  
   
၃၆
  ရက်   
 | 
  
   
၂၀ 
 | 
 
| 
   
စုစုပေါင်း 
 | 
  
   | 
  
   
၁၀၇
  ရက်   
 | 
  
   
၁၀၅
  ရက်   
 | 
  
   
၇၇
  ရက်    
 | 
  
   
၅၇ 
 | 
 
များသောအားဖြင့် လွှတ်တော်အစည်းအဝေးများဟာ တစ်ရက်တည်းမှာ
ကျင်းပကြတာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးများကျင်းပပြီး
နေ့လည်ပိုင်းမှာ လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပလေ့
ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အရေးကြီးအဆိုတင်ရန်၊ ပြည်ထောင်စုအဆင့်ရာထူးများကို
အတည်ပြုရန်၊ နိုင်ငံတော်၏ အရ၊ အသုံးခန့်မှန်းခြေငွေစာရင်းဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုရန်နဲ့
လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲတဲ့ ဥပဒေကြမ်းများကို ဆွေးနွေးရန်အတွက်သာ ကျင်းပတာမို့
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်များထက် အစည်းအဝေးကျင်းပရက် နည်းတတ်ပါတယ်။ 
အထက်ပါဇယားအရ ၂၀၁၄ ခုနှစ်အတွင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ
ပြည်သူ့လွှတ်တော်အစည်းအဝေး (၁၀၇) ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (၇၇) ရက်၊ စုစုပေါင်း
အစည်းအဝေး (၁၈၄) ရက်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ
ပြည်သူ့လွှတ်တော် အစည်းအဝေး (၈၀) ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (၅၄) ရက်၊ စုစုပေါင်း
(၁၃၄) ရက် အစည်းအဝေးတက်ခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ
၂၀၁၃ ခုနှစ်ထက် ရက်ပေါင်း (၅၀) ပိုပြီး စည်းဝေးခဲ့တာ တွေ့ရပါတယ်။ 
၂၀၁၄ ခုနှစ်အတွင်းမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များဟာ
အမျိုးသားလွှတ်တော်အစည်းအဝေး (၁၀၅) ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (၇၇) ရက်၊ စုစုပေါင်း
အစည်းအဝေး (၁၈၂) ရက်ရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဟာ ၂၀၁၃ ခုနှစ်မှာ
အမျိုးသားလွှတ်တော်အစည်းအဝေး (၇၈) ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (၅၄) ရက်၊ စုစုပေါင်း
(၁၃၂) ရက် အစည်းအဝေးတက်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ၂၀၁၄ ခုနှစ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဟာ
၂၀၁၃ ခုနှစ်ထက် ရက်ပေါင်း (၅၀) ပိုပြီး စည်းဝေးခဲ့တာ တွေ့ရပါတယ်။  လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြတဲ့ ရေးရာကော်မတီများ၊
ကော်မရှင်များက သီးခြားကျင်းပတဲ့ ရေးရာ အစည်းအဝေးများလည်း ရှိပါသေးတယ်။ ဒါကြောင့် ၂၀၁၄
ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ လွှတ်တော်တွင်းအလုပ်လုပ်ရက်ဟာ ၂၀၁၃
ခုနှစ်ထက် ရက်ပေါင်း (၅၀) လောက်ပိုများပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဥပဒေပြုရေးဆောင်ရွက်တဲ့
ရက်များ တိုးတက်များပြားလာတာ ကောင်းမွန်တဲ့ လက္ခဏာပါ။
#၂၀၁၄
ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ
၂၀၁၄ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများကို ရေတွက်ရတာ
အတော်ရှုပ်ထွေးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်က သီးခြားစီ သဘောတူတဲ့
ဥပဒေကြမ်းပဲဖြစ်ဖြစ်၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတဲ့ ဥပဒေကြမ်းပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်သမ္မတဆီ
တင်ပြရပြီး သမ္မတက လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုးမှ ဥပဒေအဖြစ် အတည်ဖြစ်ပါတယ်။
သမ္မတက လက်မှတ်မထိုးပဲ မှတ်ချက်များနဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်စဉ်းစားဖို့ ပြန်ပို့တဲ့
ဥပဒေကြမ်းတွေလည်း ရှိပါတယ်။ လွှတ်တော်တစ်ခုက အတည်ပြုပြီးပေမည့် နောက်လွှတ်တော်တစ်ရပ်က
စဉ်းစားနေဆဲ ဥပဒေကြမ်းများလည်း ရှိပါတယ်။ ဒါကြောင့်မို့ ၂၀၁၄ ခုနှစ်အတွင်း အတည်ပြုတဲ့
ဥပဒေများကို ရေတွက်ရာမှာ နိုင်ငံပိုင်သတင်းစာများနဲ့ ပြည်ထောင်စုလွှတ်တော်က တရားဝင်ထုတ်ပြန်ကြေညာတဲ့
၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၁) ကနေ (၅၇) အထိ ဥပဒေ (၅၇) ခုကိုပဲ ရေတွက်ပါတယ်။
အောက်ပါဇယားကို ကြည့်ပါ။
| 
   
စဉ် 
 | 
  
   
၂၀၁၄ခုနှစ်၊
  ပြည်ထောင်စုလွှတ်တော်  
 | 
  
   
ဥပဒေအမည် 
 | 
  
   
အကြိမ် 
 | 
 
| 
   
၁ 
 | 
  
   
ဥပဒေအမှတ် (၁) 
 | 
  
   
မြန်မာအထူးစီးပွားရေးဇုန်
  ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၂ 
 | 
  
   
ဥပဒေအမှတ် (၂) 
 | 
  
   
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
  ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၃ 
 | 
  
   
ဥပဒေအမှတ် (၃) 
 | 
  
   
ဘက်စုံပို့ဆောင်ရေး
  ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၎ 
 | 
  
   
ဥပဒေအမှတ် (၄) 
 | 
  
   
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်
  ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၅ 
 | 
  
   
ဥပဒေအမှတ် (၅) 
 | 
  
   
အဆိပ်များ
  အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၆ 
 | 
  
   
ဥပဒေအမှတ် (၆) 
 | 
  
   
အီလက်ထရောနစ်
  ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၇ 
 | 
  
   
ဥပဒေအမှတ် (၇) 
 | 
  
   
မြန်မာနိုင်ငံ
  ရဲညွန့်တပ်ဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၈ 
 | 
  
   
ဥပဒေအမှတ် (၈) 
 | 
  
   
တိုင်းရင်းဆေးဝါးဥပဒေကို
  ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၉ 
 | 
  
   
ဥပဒေအမှတ် (၉) 
 | 
  
   
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ
  ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၀ 
 | 
  
   
ဥပဒေအမှတ် (၁၀) 
 | 
  
   
စားသုံးသူအကာအကွယ် ပေးရေးဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၁ 
 | 
  
   
ဥပဒေအမှတ် (၁၁) 
 | 
  
   
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၂ 
 | 
  
   
ဥပဒေအမှတ် (၁၂) 
 | 
  
   
သတင်းမီဒီယာ ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၃ 
 | 
  
   
ဥပဒေအမှတ် (၁၃) 
 | 
  
   
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၄ 
 | 
  
   
ဥပဒေအမှတ် (၁၄) 
 | 
  
   
ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၅ 
 | 
  
   
ဥပဒေအမှတ် (၁၅) 
 | 
  
   
ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၆ 
 | 
  
   
ဥပဒေအမှတ် (၁၆) 
 | 
  
   
ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၇ 
 | 
  
   
ဥပဒေအမှတ် (၁၇) 
 | 
  
   
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၈ 
 | 
  
   
ဥပဒေအမှတ် (၁၈) 
 | 
  
   
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၁၉ 
 | 
  
   
ဥပဒေအမှတ် (၁၉) 
 | 
  
   
မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို
  ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၂၀ 
 | 
  
   
ဥပဒေအမှတ် (၂၀) 
 | 
  
   
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၂၁ 
 | 
  
   
ဥပဒေအမှတ် (၂၁) 
 | 
  
   
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၂၂ 
 | 
  
   
ဥပဒေအမှတ် (၂၂) 
 | 
  
   
အမျိုးသားဆေးဝါး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
နဝမ 
 | 
 
| 
   
၂၃ 
 | 
  
   
ဥပဒေအမှတ် (၂၃) 
 | 
  
   
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၂၄ 
 | 
  
   
ဥပဒေအမှတ် (၂၄) 
 | 
  
   
၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ
  ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၂၅ 
 | 
  
   
ဥပဒေအမှတ် (၂၅) 
 | 
  
   
လမ်းနှင့် တံတားအသုံးပြု ခြင်းဆိုင်ရာ ဥပဒေကို
  ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၂၆ 
 | 
  
   
ဥပဒေအမှတ် (၂၆) 
 | 
  
   
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
  စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၂၇ 
 | 
  
   
ဥပဒေအမှတ် (၂၇) 
 | 
  
   
ကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၂၈ 
 | 
  
   
ဥပဒေအမှတ် (၂၈) 
 | 
  
   
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၂၉ 
 | 
  
   
ဥပဒေအမှတ် (၂၉) 
 | 
  
   
တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၀ 
 | 
  
   
ဥပဒေအမှတ် (၃၀) 
 | 
  
   
၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို
  ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၁ 
 | 
  
   
ဥပဒေအမှတ် (၃၁) 
 | 
  
   
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၂ 
 | 
  
   
ဥပဒေအမှတ် (၃၂) 
 | 
  
   
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၃ 
 | 
  
   
ဥပဒေအမှတ် (၃၃) 
 | 
  
   
လမ်းမကြီးများဥပဒေကိုပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၄ 
 | 
  
   
ဥပဒေအမှတ် (၃၄) 
 | 
  
   
မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၅ 
 | 
  
   
ဥပဒေအမှတ် (၃၅) 
 | 
  
   
ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
  (၂၀၁၄) 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၆ 
 | 
  
   
ဥပဒေအမှတ် (၃၆) 
 | 
  
   
ကာလစည်းကမ်းသတ်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၇ 
 | 
  
   
ဥပဒေအမှတ် (၃၇) 
 | 
  
   
နိုင်ငံတကာအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လေယာဉ်ပစ္စည်းကိရိယာများဆိုင်ရာ
  ဥပဒေ 
 | 
  
   
ဒသမ 
 | 
 
| 
   
၃၈ 
 | 
  
   
ဥပဒေအမှတ် (၃၈) 
 | 
  
   
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို
  ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၃၉ 
 | 
  
   
ဥပဒေအမှတ် (၃၉) 
 | 
  
   
မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၀ 
 | 
  
   
ဥပဒေအမှတ် (၄၀) 
 | 
  
   
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို
  ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၁ 
 | 
  
   
ဥပဒေအမှတ် (၄၁) 
 | 
  
   
အမျိုးသားပညာရေး ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၂ 
 | 
  
   
ဥပဒေအမှတ် (၄၂) 
 | 
  
   
စစ်ဘက်ရာထူးနှင့်အဆင့်အခေါ်အဝေါ်များ
  သုံးစွဲခြင်းကိုကန့်သတ်သည့် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၃ 
 | 
  
   
ဥပဒေအမှတ် (၄၃) 
 | 
  
   
ပြည်ထောင်စုစာရင်းစစ်ချု ပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
  (၂၀၁၄) 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၄ 
 | 
  
   
ဥပဒေအမှတ် (၄၄) 
 | 
  
   
လျှပ်စစ်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၅ 
 | 
  
   
ဥပဒေအမှတ် (၄၅) 
 | 
  
   
၁၉၆၀ ပြည့်နှစ်၊
  ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၆ 
 | 
  
   
ဥပဒေအမှတ် (၄၆) 
 | 
  
   
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
  ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၇ 
 | 
  
   
ဥပဒေအမှတ် (၄၇) 
 | 
  
   
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်
  အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၈ 
 | 
  
   
ဥပဒေအမှတ် (၄၈) 
 | 
  
   
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
  ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၄၉ 
 | 
  
   
ဥပဒေအမှတ် (၄၉) 
 | 
  
   
၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏
  နောက်ထပ်ဘဏ္ဍငွေခွဲဝေသုံးစွဲရေး ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၀ 
 | 
  
   
ဥပဒေအမှတ် (၅၀) 
 | 
  
   
၁၉၄၇ ခုနှစ်၊ အမိန့်ထုတ်ဆင့်တောင်းဆိုခြင်း
  (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၁ 
 | 
  
   
ဥပဒေအမှတ် (၅၁) 
 | 
  
   
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၂ 
 | 
  
   
ဥပဒေအမှတ် (၅၂) 
 | 
  
   
မြန်မာအမျိုးသားလေကြောင်း ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၃ 
 | 
  
   
ဥပဒေအမှတ် (၅၃) 
 | 
  
   
ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို
  ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၄ 
 | 
  
   
ဥပဒေအမှတ် (၅၄) 
 | 
  
   
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်
  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်
  ကော်မတီဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို
  ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၅ 
 | 
  
   
ဥပဒေအမှတ် (၅၅) 
 | 
  
   
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏
  ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၆ 
 | 
  
   
ဥပဒေအမှတ် (၅၆) 
 | 
  
   
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊
  စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
| 
   
၅၇ 
 | 
  
   
ဥပဒေအမှတ် (၅၇) 
 | 
  
   
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊
  စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ 
 | 
  
   
ဧကဒသမ 
 | 
 
၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေ (၄၃) ခု
ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ်ထက်
ဥပဒေ (၁၄) ခု ပိုပြီးပြဋ္ဌာန်းနိုင်ခဲ့တာ တွေ့ရပါတယ်။ တိုးတက်မှုတစ်ခုအနေနဲ့ ကြိုဆိုရမှာပါ။

0 comments:
Post a Comment